အင်္ဂလန်နိုင်ငံတွင် ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပခွင့် ရရှိရန်အတွက် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဂွန်ဘရောင်းသည် ဆန္ဒပြင်းပြလျက်ရှိနေပြီး ဘောလုံးလောကနှင့် အစိုးရပိုင်းမှ တာဝန်ရှိသူများ အားလုံးတတ်စွမ်းသမျှ ကြိုးပမ်းအားထုတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ဂေါ်ဂွန်ဘရောင်းက သူကိုယ်တိုင်လည်း အင်္ဂလန်နိုင်ငံ၌ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ အင်္ဂလန် အစိုးရပိုင်းတွင်လည်း ကမ္ဘာ့ဖလား အိမ်ရှင်အခွင့်အရေး အတွက် ဆန္ဒပြင်းပြနေကြပြီး ၀န်ကြီးချုပ်အပြင် အတိုက်အခံ ခေါင်းဆောင်များကပါ ယင်းပြိုင်ပွဲအတွက် ကုန်ကျစရိတ်များကို မေ့ဖျောက်ထားကြပြီး ပြိုင်ပွဲကျင်းပခွင့် ရရှိရေးကိုသာ ပြောဆိုဆွေးနွေးလျက် ရှိနေကြကြောင်း။
ဂေါ်ဂွန်ဘရောင်းက သူဝန်ကြီးချုပ်အဖြစ် ရှိနေစဉ်ကာလအတွင်း ကမ္ဘာ့ဖလား အိမ်ရှင် အခွင့်ရေးအတွက် တတ်စွမ်းနိုင်သမျှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများဧ။် အိမ်ရှင်အဖြစ်ရွေးချယ်ခြင်းကို လာမည့်နှစ် ဒီဇင်ဘာလတွင် အဖွဲ့ဝင် ၂၄ဦး ပါဝင်သော ဖီဗာ အမှုဆောင်ကော်မတီက မဲပေးရွေးချယ်သွားမည် ဖြစ်သည်။ အင်္ဂလန်နိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၆၆ ခုနှစ်တွင် တစ်ကြိမ်တည်း ကျင်းပခဲ့ဖူးပြီး ယင်းခုနှစ်တွင်ပင် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

No comments:
Post a Comment