Tuesday, May 26, 2009

အရှေ့အလယ်ပိုင်းရှိအမေရိကန်အခြေစိုက်စခန်းများနှင့့်အစ္စရေးနိုင်ငံအထိရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်အား အီရန်စမ်းသပ်ပစ်လွှတ်

အရှေ့အလယ်ပိုင်းရှိအမေရိကန်အခြေစိုက်စခန်းများနှင့် အစ္စရေးနိုင်ငံအထိရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်အား အီရန်က မေလ ၂၀ ရက်နေ့တွင် စမ်းသပ်ပစ်လွှတ်ခဲ့ရာ အနောက်နိုင်ငံများက ပြစ်တင်ဝေဖန်ခဲ့ပြီး အီတလီနိုင်ငံခြားရေးဝန်ကြီးဧ။် သံတမန်ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ အီရန်မြောက်ပိုင်း၊ Semnan ပြည်နယ်တွင် Ssjji-2 ဒုံးကျည်အား ပစ်လွှတ်ခဲ့သည်ဟု အီရန်သမ္မတက ကြေညာခဲ့ပြီး ဒုံးကျည်သည်ပစ်မှတ်အား တိတိကျကျထိမှန်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါဒုံးကျည်တွင် တိကျသေချာပြီး ခေတ်မီသောအာရုံခံစနစ်ပါဝင်သကဲ့သို့ စောင့်ကြည့်စနစ်အသစ်တစ်ခုကိုလည်း ထည့်သွင်းထားခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ လောင်စာခဲအားဖြည့်ထားပြီး အဆင့်နှစ်ဆင့်ပါသော Ssjji-2 ဒုံးကျည်သည် ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၅၀)အထိရောက်အောင် ပစ်ခတ်နိုင်သည်ဟု သိရသည်။ အီရန်နှင့် စေ့စပ်ဆွေးနွေးရန် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုးပမ်းနေချိန်တွင် အီရန်ဧ။် လုပ်ဆောင်မှုသည် ဒေသတွင်းနှင့်ကမ္ဘာ့နိုင်ငံများအား စိုးရိမ်မှုဖြစ်စေခဲ့သည်ဟုသိရသည်။ ၂၀၀၉ ခုနှစ်ကုန်ပိုင်းအထိ ၄င်းဧ။် သံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီးတုံ့ပြန်မှုပြုလုပ်ရန်နှင့် နျူစီမံကိန်းနှင့်ပတ်သက်၍ အလေးအနက်ထားဆွေးနွေးမှုပြုလုပ်ရန် အိုဘားမားက သတိပေးခဲ့ပြီးနောက် နှစ်ရက်အကြာတွင် အီရန်က ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အီရန်ဧ။် ဒုံးကျည်စမ်းသပ်မှုကြောင့် အီတလီနိုင်ငံခြားရေးဝန်ကြီးဧ။် ခရီးစဉ်အားဖျက်သိမ်းရန် ဗြိတိန်နှင့် ပြင်သစ်အစိုးရများက တိုက်တွန်းခဲ့ပြီး အနောက်နိုင်ငံများ ညီညွတ်မှုကိုပြသရမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

No comments:

Post a Comment