Friday, May 29, 2009

ဝက်သားနှင့် ၀က်ထွက်ပစ္စည်းများကို အပူချိန် ၇၀ ဒီဂရီ စင်တီဂရိတ်/၁၆၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ချက်ပြုတ်စားသောက်ပါက ရောဂါကူးစက်မှုမရှိနိုင်

တုပ်ကွေးရောဂါ influenza A(H1N1)သည် ဧပြီလ ၁၇ ရက်မှ မေ ၂၇ ရက်အထိ နိုင်ငံပေါင်း ၄၈ နိုင်ငံသို့ ကူးစက်ပြန့်နှံ့ခဲ့ပြီး ရောဂါဖြစ်ပွားသူ ၁၃၃၉၈ ဦး၊ သေဆုံးသူ ၉၅ ဦး ရှိကြောင်း သိရှိရသည်။

မွေးမြူရေးနှုင့် ရေလုပ်ငန်း ၀န်ကြီှးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်၊ တိုင်း၊ ခရိုင် မြို့နယ် အဆင့်ဆင့်တွင် ဒေသအာဏာပိုင် အဖွဲ့အစည်း ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံမွေးမြူရေုးလုပ်ငန်း အဖွဲ့ချုပ်၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များကို ဖြန်ဝေခြင်း၊ ရောဂါစူးစမ်း ထောက်လှမ်းခြင်းနှင့် မွေးမြူရေးခြံ ဇီဝလုံခြုံမှုမြှင့်တင်ရေး ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်၊

လိုက်နာဆောင်ရွက်သင့်သော ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ၀က်များ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိပါက သီးခြားထားရှိခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်မှု ထိန်းချုပ်ခြင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သတင်းပို့ခြင်း ဆောင်ရွက်ရန် ၀က်ခြံများတွင်ဇီဝလုံခြုံရေးကို မြှင့်တင်ပေးရန်၊ ၀က်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေလက် သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ရန် မကျန်းမာသော ၀က်များကို ဈေးကွက်သို့ ပို့ဆောင်ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန် မူရင်းဇစ်မြစ်မသိသော ၀က်များကို မွေးမြူခြင်းမပြုရန် စသည်ဖြင့်

လိုက်နာဆောင်ရွက်သင့်သည်။

မြန်မာနိုင်ငံတွင် ယနေ့အထိတုပ်ကွေးရောဂါ influenza A(H1N1)သည် မွေးမြူရေးဝက်သို့ ကူးစက်ဖြစ်ပွါးမှု လုံးဝမရှိသေးကြောင်း ၀က်သားနှင့် ၀က်ထွက်ပစ္စည်းများကို အပူချိန်၇၀ဒီဂရီ စင်တီဂရိတ်/ ၁၆၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ချက်ပြုတ်ပါက ဗိုင်းရပ်စ်ရှင်သန်မှု မရှိနိုင်ကြောင်း စနစ်တကျ သန့်ရှင်းစွာ ကိုင်တွယ်ချက်ပြုတ် စားသောက်ပါက ရောဂါကူးစက်မှု မရှိနိုင်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်၊

No comments:

Post a Comment