Thursday, June 4, 2009

အာဆီယံ အင်ဂျင်နီယာကွန်ဖရင့် အကြိုညီလာခံ ပထမဆုံး အကြိမ်ကျင်းပမည်

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက Asean Federation of Engineering Organization (AFEO) နှစ်လယ်ဆွေးနွေးပွဲ(mid-term metting)ကိုပထမဆုံး အကြိမ်အဖြစ် ဇွန်လ ၄၇က်နှင့် ၅ရက်နေ့တို့တွင် လှိုင်တက္ကသိုလ် နယ်မြေရှိ အသင်းတည်ရှိရာရုံးတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ၄င်းသည် လာမည့် နိုဝင်ဘာ ၃၀မှ ဒီဇင်ဘာ ၂ရက်နေ့အထိ စင်္ကာပူ နိုင်ငံတွင် ကျင်းပမည့် Conference on Asean Federation of Engineering Organization (CAFEO)၂၀၀၉ ညီလာခံ၏ ရှေ့ပြေးလည်းဖြစ်သည်။ နိုင်ငံတကာတွေ့ဆုံ ဆွေးနွေး မျိုးကို ဒီလိုအင်ဂျင်နီယာအသင်းအဆောက်အအုံသစ်မှာ လက်ခံကျင်းပနိုင်တာ ဂုဏ်ယူစရာဖြစ်ပါတယ်။ အာဆီယံ ၁၀နိုင်ငံသက်ဆိုင်ရာအင်ဂျင်နီယာအသင်းဥက္ကဌ အတွင်းရေးမှူးတွေအပြင် အသင်းဝင်တွေတက်ရောက်မှာဖြစ်ပါ တယ်ဟု ၄င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် CAFEOညီလာခံကို ၂၀၀၄ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး အာဆီယံနှင့်အခြား နိုင်ငံများမှ အင်ဂျင်နီယာအဖွဲ့ဝင်ပေါင်း ၃၀၀ကျော်တက်ရောက် ခဲ့သည်။ ညီလာခံတွင် မိမိနိုင်ငံရှိ ထူးခြားသည့် လူပုဂ္ဂိုလ် ထူးချွန်သည့် ၀န်ကြီးဌာနများကို အဆိုပြုတင်ပြခြင်းပါဝင်ပြီး မြန်မာနိုင်ငံမှလယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆောက်လုပ်ရေးဝန်ကြီးဌာန လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီး ဌာတို့သည် ထူးချွန်ဆု ရရှိခဲ့ပြီးဖြစ်ကြောင်း ဦးဟန်ဇော်က ပြောကြားသည်။ စင်ကာပူတွင် ကျင်းပမည့်CAFEO ညီလာခံတွင် AER ကော်မရှင်အစည်းအဝေးပွဲများ ဆုရွေးချယ်ရေး ကော်မတီ အစည်းအဝေးနှင့် AFEO ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအစည်းအဝေးများ ပါဝင်ပြီး အာဆီယံ အင်ဂျင်နီယာ ပိုင်းဆိုင်ရာ ထူးချွန်ဆုများကိုလည်း ပေးအပ်ချီးမြင့်သွားမည်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် ဇွန်လ ၅ရက် နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment