

ဇွန်လ ၂၁ ရက်နေ့၌ အင်္ဂါဂြိုဟ် နှင့်သောကြာဂြိုဟ် ယှဉ်ပူးမှုဖြစ်စဉ် ဖြစ်ရန်ရှိမှုနှင့် ပတ်သက်၍ နက္ခတ်ပညာ ရှင်တစ်ဦးက ''အခုဖြစ်စဉ်အနေနဲ့ ဂြိုဟ်နှစ်လုံးရဲ့ ယိုင်ထောင့် ကြန္တီ (Declination) အကွာအဝေးက နှစ်ဒီဂရီအတွင်းမှာ ဖြစ်ပေါ်မှာ ဖြစ် ပြီးတော့ မိဿရာသီခွင် အတွင်းမှာ ဖြစ်ပေါ်မှာပါ။ မိဿရာသီက အင်္ဂါ ဂြိုဟ်ပိုင်ပြီး အလင်းအားကောင်းတဲ့ ကသစ်အိမ်ဖြစ်ပြီး သောကြာဂြိုဟ် အားနည်းတဲ့ပြအိမ်ဖြစ်ပါတယ်။ အဲဒီ ဂြိုဟ်နှစ်လုံးရဲ့ ယှဉ်ပူးမှုမှာ အင်္ဂါဂြိုဟ် က သောကြာဂြိုဟ်ထက် ပိုအားကောင်းတဲ့အတွက် နက္ခတ်တာရာကြည့်မှန် ပြောင်းနဲ့ကြည့်မယ်ဆိုရင် အင်္ဂါဂြိုဟ်ကို အနီရောင် မီးကျီးခဲသဏ္ဌာန် တောက်တောက်ပပ တွေ့ရပြီး သောကြာဂြိုဟ် ကိုတော့ ဂြိုဟ်အားနည်းတဲ့အတွက် အဖြူရောင် ဖျော့ဖျော့သဏ္ဌာန်နဲ့ပဲ တွေ့ရမှာပါ။ အခုလို အင်္ဂါဂြိုဟ်နဲ့ သောကြာဂြိုဟ် ယှဉ်ပူးတာကို ၁၉၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း မှာ (၁၀၂)ကြိမ်အထိ တွေ့ရှိနိုင်ပြီး အခုတွေ့ရှိတဲ့ အကြိမ်ကတော့ အကြိမ် (၁၀၀)မြောက်ဖြစ်ပါတယ်။ ဒါပေ မယ့် ယိုင်ထောင့်ဒီဂရီ နီးနီးကပ်ကပ် တွေ့မြင်နိုင်တာကတော့ (၇၂)ကြိမ် မြောက်ပါ။ ဧပြီလ ၂၂ ရက်နေ့ နံနက် ပိုင်း ၇ နာရီ ၄၈ မိနစ်တုန်းကလည်း အဲဒီဂြိုဟ်နှစ်လုံး ပူးယှဉ်မှု ဖြစ်စဉ်က မိန်ရာသီတွင် ဖြစ်ပွားခဲ့ပြီး သောကြာဂြိုဟ်ကို အလင်းရောင် ပိုမိုတောက်ပစွာ မြင်တွေ့ခဲ့ရပါတယ်။ ယိုင်ထောင့် အကွာအဝေး ၅ ဒီဂရီအကွာမှာ ဖြစ်ခဲ့တဲ့အတွက် အားပျော့ပါတယ်။ အခု ဖြစ်စဉ်မှာတော့ ယိုင်ထောင့်အကွာ အဝေးနီးကပ်တဲ့အတွက် ဂြိုဟ်နှစ်လုံးကို တစ်တန်းတည်းနီးပါး တွေ့မြင်နိုင် မှာပါ''ဟု ရှင်းပြပါသည်။
No comments:
Post a Comment