ဇွန် ၆ရက်က အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း၌ အာဖဂန်တပ်ဖွဲ့ဝင်များနှင့် အမေရိကန်ဦးဆောင်သော နိုင်ငံစုံတပ်ဖွဲ့ဝင်များပူးပေါင်းကာ စစ်သွေးကြွများကို ထိုးစစ်ဆင်ရာ တာလီဘန် တိုက်ခိုက်ရေးသမား ၂၀ကျော် သေဆုံးသွားကြောင်း၊ ထိုစဉ်အတွင်း စစ်သွေးကြွများက အာဖဂန်အနောက်မြောက်ပိုင်း၌ ချုံခိုတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်လေးဦးသေဆုံးသွားကြောင်း သက်ဆိုင်ာက ပြောကြားသည်။
အဆိုပါ ပူးပေါင်းစစ်ဆင်ရေးကို ကဘူးပြည်နယ်တွင် ဆင်နွှဲရာ မြေပြင်တွင်သာမက လေကြောင်းမှလည်း တိုက်ခိုက်ကြသည်။ ထိုစစ်ပွဲတွင် တာလီဘန် ၂၀ ကျော်သေဆုံးသွားကြောင်း၊ ထိုပူးပေါင်းစစ်ဆင်ရေးပြုလုပ်ပြီး ၄င်းတို့၏ အခြေစိုက်စခန်းသို့ ပြန်လာကြစဉ် လမ်းဘေးတွင်ထောင်ထားသည့် ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အာဖဂန်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ပြည်နယ်ရဲမှူးကြီး အဗ္ဗဒူလ်ရာမန်ဆာဂျန်းက ပြောကြားသည်။
အာဖဂန်အနောက်မြောက်ပိုင်း ဖားရတ်ပြည်နယ်ရှိ ရဲတပ်ဖွဲ့လုံခြုံရေးစခန်းကို စစ်သွေးကြွများက တစ်နာရီကြာ ပစ်ခတ်ရာ ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးကြောင်း ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့အကြီးအကဲ ခါလီအန်ဒရာဘီက ပြောကြားသည်။ တာလီဘန်တို့တိုက်သဖြင့် အရှေ့ပိုင်းပြည်နယ်ဖြစ်သော ပက်တီကာရှိ ဆာဟောဇာခရိုင်မှ ရဲတပ်ဖွဲ့အကြီးအကဲသေဆုံးကြောင်း၊ ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့များကို စစ်သွေးကြွတို့က ချုံခိုတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း အစိုးရ၏ ပြောခွင့်ရပုဂ္ဂလိက ပြောကြားသည်။
သမ္မတအိုဘားမားက အာဖဂန်အစိုးရ၏ စစ်ရေးထိန်းချုပ်မှုနှင့် လုံခြုံရေးလိုအပ်လျက်ရှိသော နယ်မြေဒေသများအတွက် အကူအညီ ရရှိစေရန် ယခုနှစ်အတွင်းတပ်ဖွဲ့ဝင်အင်အား ၂၁၀၀၀ကို ထပ်မံ စေလွှတ်လျက်ရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment