မိုးများသည့် လက်ရှိကာလ အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းများကို ခေတ္တ ရပ်နား ထားမည်ဖြစ်ပြီး ကွန်ကရစ် လမ်းများကိုသာ ခင်းကျင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောကြားခဲ့သည်။
မိုးများသည့် အချိန်များတွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအစား လမ်းပေါက်ဖာခြင်းလုပ်ငန်းကို ဦးစားပေးပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင်း ကတ္တရာကွန် ကရစ်ဖြင့် လမ်းခင်းမှုများပြုလုပ် လျက်ရှိသော ပြည်လမ်း (ခုတင် ၁၀၀၀ ဆံ့ဆေးရုံရှေ့)နှင့် တောင် ဥက္ကလာပမြို့နယ် သစ္စာလမ်းခင်း ခြင်းလုပ်ငန်းကို လက်ရှိခေတ္တရပ်နား ထားကြောင်း သိရှိရသည်။ ''မိုးများတဲ့အချိန် အစိုဓာတ် များတော့ ကတ္တရာကခင်းလို့ အဆင် မပြေဘူး။ ဒါကြောင့် နေသာတဲ့ အချိန်တွေလောက်ပဲ ခင်းလို့အဆင် ပြေတယ်။ ဒါကြောင့် မိုးဆက်တိုက် ရွာနေတဲ့ အခုအချိန်တွေမှာ ကတ္တရာ နဲ့လမ်းခင်းမှုတွေ ခဏရပ်ထားတယ်။ ကွန်ကရစ်လမ်းတွေကိုတော့ ဆက် ခင်းသွားမယ်။ ပြီးတော့ ကတ္တရာနဲ့ လမ်းပေါက်ဖာတာကို ဦးစားပေး လုပ်နေပါတယ်။ လမ်းပေါက်တွေ က မဖြစ်မနေဖာရမယ့်လုပ်ငန်းလေ'' ဟု မြို့တော်ဝန်က ပြောပြခဲ့သည်။
လက်ရှိ ရန်ကုန်မြို့တော်စည် ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းပေါက်ဖာခြင်းလုပ်ငန်းကို ၀န် ထမ်းအင်အား ၂၀၀ ခန့်ဖြင့် ပြုလုပ် လျက်ရှိပြီး လမ်းပေါက်ဖာခြင်း အတွက် ကတ္တရာ ကွန်ကရစ်များ အလုံအလောက်ထားရှိကြောင်း သိရ သည်။ လက်ရှိတွင် ထောက်ကြန့် လမ်းဆုံအနီး ပြည်လမ်းမကြီး တစ် လျောက်တွင်လမ်းပေါက်ဖာခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''ရန်ကုန်မြို့လမ်းတွေက ကား အရမ်းသွားလွန်းတော့ လမ်းပေါက် တွေများလာတယ်။ တချို့လမ်းပေါက် တွေဆို တော်တော်နက်တယ်။ ဒါ ကြောင့် ညဘက်လိုအချိန်မျိုး ကား မောင်းမယ်ဆိုရင် လမ်းပေါက်တွေ ကို တော်ရုံမမြင်ရဘူး။ ဒါအန္တရာယ် ရှိနိုင်တယ်''ဟု ရန်ကုန်မြို့တွင်း အငှား ယာဉ်မောင်းနှင်သူတစ်ဦးက ပြောပြ ခဲ့သည်။ လမ်းပေါက်ဖာခြင်း လုပ်ငန်း ကို ခရိုင်အလိုက် ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး နေသာချိန် ဆက်တိုက်ရရှိမှ သာလမ်းခင်းခြင်း လုပ်ငန်းကိုပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ နှစ်စဉ် ယခုအချိန်သည် ကတ္တရာလမ်းခင်း ခြင်းလုပ်ငန်းကို ခေတ္တ ရပ်နားထား ရသည့်အချိန်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment