Saturday, June 6, 2009

တရုတ်နိုင်ငံ ချုံကျင်းအရပ်၌ မြေပြိုမှုဖြစ်ပွား ၅၉ ဦးသေဆုံး၊နေအိမ်ခြောက်လုံးပျက်စီး

တရုတ်နိုင်ငံ ချုံကျင်းမြူနီစီပယ်အရပ်တွင် ဇွန် ၅ရက် ညနေ ၃နာရီက မြေပြိုမှုဖြစ်ပွားရာ ၅၉ ဦး သေဆုံးသွားကြောင်း တရုတ်အရာရှိတစ်ဦးက ပြောကြားသည်။
ဖြစ်ပွားမှုမှာ ချုံကျင်းမြူနီစီပယ်အရပ်ရှိ ကျီဝေတောင်အနီး သံသတ္တုတွင်း ပြိုကျခဲ့ခြင်းဖြစ်ပြီး လူသေဆုံးမှုနှင့် နေအိမ်ခြောက်လုံးပျက်စီးမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
အပျက်အစီးများအောက်တွင် လူသေဆုံးမှုရှိမရှိ ရှာဖွေမှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

No comments:

Post a Comment