အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ လုံခြုံရေးတင်းကျပ်ထားသော အစိမ်းရောင်နယ်မြေအတွင်း စိန်ပြောင်း သို့မဟုတ် ဒုံးကျည်ကျရောက်ပေါက်ကွဲကြောင်း အမေရိကန်စစ်ဘက်က ပြောကြားသည်။
အခင်းဖြစ်ပွားချိန်တွင် အချက်ပေးဥသြသံများ မြည်လာပြီး အသံချဲ့စက်များဖြင့် ပြည်သူများအား အကာအကွယ်ယူကြရန်နှင့် ပြတင်းပေါက်များအနီးတွင် မနေကြရန် သတိပေးမှုများ ပြုလုပ်ကြောင်း သိရသည်။
အစိမ်းရောင်နယ်မြေပေါ်သို့ သွယ်ဝိုက်ပစ်သော လက်နက်များ ကျရောက်ပေါက်ကွဲသည်ဟု စိန်ပြောင်း၊ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို အမေရိကန်စစ်ဘက်က ရည်ညွှန်းပြောကြားခြင် ဖြစ်သည်။ တနင်္ဂနွေနေ့တွင် ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် အသေအပျောက်သတင်းကို အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာခြင်း မပြုပေ။ အီရတ်အစိုးရအဖွဲ့ဝင်များ နေထိုင်ရာ အစိမ်းရောင်နယ်မြေအတွင်း ပြီးခဲ့သော သီတင်းနှစ်ပတ်က ဒုံးကျည်ကျရောက်ပေါက်ကွဲရာ အမေရိကန်တစ်ဦး သေဆုံးခဲ့ရသည်။

No comments:
Post a Comment