ပြည်ပပို့တန်းမြင့်ဆန်ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ဆိပ်ကမ်းမြို့ ကြီးများတွင် ပြန်လည်သန့်စင် ရောနှောဆန်စက်ကြီးများ ၂၀၁၀ပြည့်နှစ်၌ လည်ပတ်နိုင်ရန်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။ " ပြည်ပပို့ တန်းမြင့်ဆန်ကို နိုင်ငံတော်က ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက် တန်းမြင့်ဆန် ကြိတ်ခွဲထုတ်လုပ်နိုင်တဲ့ပြန်လည်သန့်စင်ရောနှော စက်ရုံကြီး တွေကို ဆိပ်ကမ်းမြို့ကြီးတွေမှာ ၂၀၁၀ပြည့်နှစ်မှာလည်ပတ်နိုင်ဖို့စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဆိပ်ကမ်းမြို့ကြီးတွေကို ရွေးချယ်လိုက် တာဟာပြည်ပပို့ဆန်ကြိတ်ခွဲထုတ်လုပ်မှာဖြစ်တဲ့အတွက် ဆိပ်ကမ်းနဲ့နီးတဲ့နေရာကိုရွေးချယ်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မြို့ကြီးတွေကို ရွေးချယ်တဲ့နေရာမှာ လည်း အဓိကကတော့ ဆန်စက်ကြီးများ စက်စွမ်းအားပြည့်လည်ပတ်နိုင်မယ့် လျှပ်စစ်စွမ်းအားရရှိနိုင်မယ့် ဆိပ်ကမ်း မြို့မှာ ဦးစားပေးသွားဖို့ရှိပါတယ်" ဟု မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း မှအထွေထွေအတွင်းရေးမှူးဦးသောင်းဝင်းက ရှင်းပြသည်။ ယင်း အပြင်ထွက်ရှိလာသည့် အရည်အသွေးနှင့်အထွက်နှုန်းကောင်းတန်းမြင့်ဆန်စပါးများကို ကြိတ်ခွဲရာတွင်လည်း အဆင့်မြင့် ကြိတ်ခွဲထုတ်လုပ်နိုင်မှသာလျှင် ဈေးကွက်ဝင်တန်းမြင့် ဆန်အရည်အသွေးကိုရမည်ဖြစ်သဖြင့် ဆိပ်ကမ်းမြို့ကြီးများတွင် ယင်းကဲ့သို့ ပြန်လည်သန့်စင်ရောနှော ဆန်စက်ကြီးများကို တည်ထောင်ခြင်းဖြစ် ကြောင်းမြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အထွေထွေအတွင်းရေးမှူးဦးဝင်းအေးဖေက ဖြည့်စွက်ပြောကြားကြောင်း ၂၀၀၉ခုနှစ် ဇွန်လ ၅ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment