ဇူလိုင်၁၁ရက်တွင် ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲ`ကမ္ဘာ့စီးပွား အခက်ကာလ မျိုးဆက်ပွား ကျန်းမာရေးအလေးထားကြ` Protecting marginalized populations from the global economic crisisခေါင်းစဉ်ဖြင့် ဇွန်၁၃ရက် နံနက်၉နာရီက ရှမ်းပြည်နယ်(တောင်းပိုင်း)တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တာဝန်ရှိသူများက ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ပိုစတာပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် ပိုစတာပြိုင်ပွဲကို အဆင့်အလိုက်ရေးဆွဲပြိုင်ပွဲဝင်ကြပြီး အဆင့်(၁)ပြိုင်ပွဲတွင် အသက်ခြောက်နှစ်မှ ရှစ်နှစ်တွင် အမျိုးသား၁၈ဦး၊ အမျိုးသမီးခြောက်ဦး၊ အဆင့်(၂)ပြိုင်ပွဲတွင် အသက်ကိုးနှစ်မှ ၁၂နှစ် အမျိုးသား၅၀၊ အမျိုးသမီး ၂၇ဦး၊ အဆင့်(၃)ပြိုင်ပွဲတွင် အသက် ၁၃နှစ်မှ ၁၅နှစ်အထိ အမျိုးသား၄၀၊အမျိုးသမီး ၁၀ဦး၊ အဆင့်(၄)ပြိုင်ပွဲတွင် အသက်၁၆နှစ်မှ ၁၈နှစ်အထိ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပြိုင်ပွဲဝင် စုစုပေါင်း ၁၅၂ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဇွန်၁၄ရက်တွင် စာစီစာကုံးပြိုင်ပွဲကို တက္ကသိုလ်၊ ကောလိပ်အဆင့်အား တောင်ကြီးတက္ကသိုလ် တွင်လည်းကောင်း၊ အထက်တန်းနှင့် အလယ်တန်းအဆင့်ပြိုင်ပွဲကို တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း အဆင့်အလိုက် အသီးသီးကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကို အလယ်တန်း အဆင့်၊ အထက်တန်းအဆင့်၊ တက္ကသိုလ်၊ ကောလိပ်အဆင့် ပါဝင်ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲဝင်ဦးရေ ၁၆၉ဦးရှိ ကြောင်း သိရသည်။

No comments:
Post a Comment