Tuesday, June 9, 2009

တူရကီတွင် တိုက်ပွဲဖြစ်၊ တူရကီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

တူရကီနိုင်ငံအရှေ့တောင်ပိုင်းတွင် ဇွန်၎ ရက်က တူရကီတပ်ဖွဲ့ဝင်များနှင့် တရားမ၀င်ကာ့ဒ်အလုပ်သများပါတီ(ပီကေကေ)သူပုန်များ တိုက်ပွဲဖြစ်ပွားရာ တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း အနာတိုလီယာသတင်းဌာနက ကြေညာသည်။
ယင်းတိုက်ပွဲသည် ဆာနက်ပြည်နယ်ရှိ အက်စ်တက်လာဒီရီလာဒေသတွင် ဖြစ်ခဲ့ပြီး အခြားတပ်ဖွဲ့ဝင် သုံးဦးလည်းဒဏ်ရာရရှိသွားကြောင်း သတင်းတွင် ဖော်ပြသည်။ ထိုတိုက်ပွဲပြီးနောက် ပီကေကေတို့က တူရကီတို့အားပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကို ဇူလိုင် ၁၅ ရက်ထိ ရပ်နားထားမည်ဟု ကြေညာခဲ့သည်။
တူရကီအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် ပီကေကေသူပုန်များအား တူရကီလုံခြုံရေးတပ်ဖွဲ့များက မကြာခဏထိုးစစ်ဆင် တိုက်ခိုက်လေ့ရှိသည်။ ၁၉၈၄ ခုနှစ်တွင် တူရကီအရှေ့တောင်ပိုင်း၌ ပီကေကေတို့က လက်နက်စွဲကိုင်ခဲ့သည်မှာ ၄င်းတို့လူမျိုးစု၏ နယ်မြေကိစ္စကြောင့် ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်းပြည်သူ ၄၀၀၀၀ခန့် သေဆုံးခဲ့ရသည်။
တူရကီစစ်ဘက်ဆိုင်ရာက ပီကေကေများကို အပြင်းအထန်တိုက်ခိုက်ပြီးနောက် တူရကီနိုင်ငံ၏ ဥပဒေပြုအာဏာပိုင် အဖွဲ့က နိုင်ငံ၏အချုပ်အခြာအာဏာကို တိုးချဲ့ပြီး အီရတ်နိုင်ငံ မြောက်ဘက်ထိ သူပုန်များကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မည်ဟုဆိုသည်။

No comments:

Post a Comment