Tuesday, June 16, 2009

ကမ္ဘာ့လူတုပ်ကွေးအကြောင်း သိကောင်းစရာ

ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် ကူးစက်မှုမြန်သည်။ ကပ်ရောဂါဖြစ်ပွားလျှင် အသက်၊ စီးပွားရေးနှင့် လူမှု ရေးဆုံးရှုံးမှုများ ရင်ဆိုင်ရမည်။ ထိုဆုံးရှုံးမှုများမှ ကာကွယ်ရန် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်ရန် အရေးကြီးသည်။
ရောဂါဖြစ်ပွားခြင်း
မေး ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဆိုတာဘာလဲ။ဖြေ ရာသီအလိုက် တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ၀က်တုပ် ကွေး စသည်ဖြင့် တုပ်ကွေးရောဂါအမျိုးမျိုး ရှိပါ သည်။ ယခု ဖြစ်ပေါ်နေသော ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ သည် ယခင် တုပ်ကွေးရောဂါများနှင့်မတူဘဲ ရောဂါ အသစ် အဆန်းတစ်ခု ဖြစ်ပါသည်။ မြောက်အမေရိက ၀က် တုပ်ကွေး၊ မြောက်အမေရိက ကြက်ငှက်တုပ်ကွေး၊ ရာသီ လူတုပ်ကွေးနှင့် အာရှ-ဥရောပ ၀က်တုပ်ကွေးတို့ ပေါင်း စပ်ထားသော New InfluenzaA(H1N1) ဗိုင်းရပ်စ်ပိုးအသစ် ဖြစ်ပါသည်။ လူမှလူသို့ လျင်မြန်စွာ ကူးစက်လျက်ရှိပါသည်။ လူအများသို့ ကူးစက်ပြီး နိုင်ငံ တကာသို့ ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေသဖြင့် ကမ္ဘာ့ကျန်း မာရေးအဖွဲ့က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ (Human Influenza Pandemic) အဆင့်အဖြစ် ၂၀၀၉ခုနှစ် ဇွန်လ ၁၁ရက်နေ့တွင် ကြေညာခဲ့ပါသည်။
မေး ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဘယ်လိုကူးစက်နိုင်ပါသလဲ။
ဖြေ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပါသည်။ လူနာချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် တိုက်ရိုက်သော် လည်းကောင်း၊ ရောဂါဖြစ်သူ၏ ချွဲ၊ သလိပ်၊ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့ ခြင်းမှသော်လည်း ကောင်း ကူးစက်နိုင်ပါသည်။

No comments:

Post a Comment