Tuesday, July 7, 2009
မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင် နိုင်ငံတည်ဆောက်ရေး တွင်ဆက်လက်ပါဝင်
ွှ
သွေးလွန်တူပ်ကွေးရောဂါ ကာကွယ်ရေး စုပေါင်းဆောင်ရွက်
Wednesday, June 24, 2009
ဒုတိယ၀န်ကြီး ဦးမောင်မြင့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဘယ်လ်ဂျီယံနိုင်ငံမှ ပြန်လည်ရောက်ရှိ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အေဆမ် ထိပ်သီး အစည်းအဝေး၏ သဘောတူ ဆုံးဖြတ်ချက်အရ အေဆမ် စွမ်းအင်လုံခြုံရေး ၀န်ကြီးအဆင့် အစည်းအဝေး ကို ကျင်းပခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် အေဆမ်အဖွဲ့ဝင် ဖြစ်လာပြီးနောက် အေဆမ်ဆိုင်ရာ အစည်းအဝေးများကို ပါဝင်တက်ရောက်ခဲ့သည်။ ယခုအခါ အေဆမ်တွင် အာရှဒေသမှ ၁၆ နိုင်ငံ၊ ဥရောပဒေသမှ ၂၇ နိုင်ငံ၊ ဥရောပ ကော်မရှင်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးတို့ပါဝင်ပြီး စုစုပေါင်းအဖွဲ့ဝင် ၄၅ ဦးရှိသည်။
ယခု အေဆမ်စွမ်းအင်လုံခြုံရေးဝန်ကြီး အဆင့် ကွန်ဖရင့်တွင် စွမ်းအင်လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများ၊ ကမ္ဘာ့စွမ်းအင် လိုအပ်မှု၊ လောင်စာဆီ ဈေးနှုန်းပြဿနာ၊ စွမ်းအင်နည်းပညာ ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ အာရှနိုင်ငံများနှင့် အီးယူနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက် ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဒုတိယ၀န်ကြီး ဦးမောင်မြင့်သည် ကွန်ဖရင့် တက်ရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ခေတ္တရပ်နားစဉ် ဇွန် ၂၁ ရက်တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဖိုင်သွန်ကေအိုသွန်နှင့် တွေ့ဆုံကာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအဆင့် ရရှိလာစေရေးနှင့် မြန်မာအလုပ်သမား အသစ်များအား ထိုင်းနိုင်ငံ သို့ တရားဝင် ပို့ဆောင်ရေး လက်တွေ့ အကောင်အထည်ဖော်ရန် ကိစ္စတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။
ဒုတိယ၀န်ကြီးနှင့်အတူ နိုင်ငံခြားရေး ၀န်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထင်အောင်တို့ ပြန်လည်လိုက်ပါလာကြသည်။
Tuesday, June 23, 2009
တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်
နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်
တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆွေမျိုးပေါက်ဖော်ညီအစ်ကို ဆက်ဆံရေးဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကပင် နှစ်နိုင်ငံအကြား အပြန်အလှန်တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို အရင်းခံပြီး အိမ်နီးနားချင်းကောင်းပီသစွာ ဆက်ဆံခဲ့ကြခြင်းဖြစ်သည်။
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးထူထောင်မှု၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကူညီထောက်ပံ့မှု အခြေအနေများနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ရှင်းလင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမှာ အရေးကြီးသည့် ဆောင်ရွက်ချက် ဖြစ်သဖြင့် ဤမျှအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု အကူအညီများ ပေးအပ်လျက်ရှိကြောင်းကို တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာဝမ်ကြားပေါင်က ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကူညီထောက်ပံ့မှုများ ပေးအပ်ရာတွင် နှောင်ကြိုးပါသည့် အကူအညီများ မဖြစ်စေရဟူသော မူဝါဒအရ ကူညီပေးနေခြင်း ဖြစ်ကြောင်းကိုလည်း တရုတ်နိုင်ငံဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။
သို့ဖြစ်ပေရာ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသည် နောင်လာနောက်သား သားစဉ်မြေးဆက်အထိ စဉ်ဆက်မပြတ် ဆက်လက်မြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
Friday, June 19, 2009
မိုးများသည့် ကာလအတွင်း ရန်ကုန်မြို့၌ လမ်းခင်းခြင်း လုပ်ငန်းကို ခေတ္တရပ် ထားမည်ဖြစ်ပြီး လမ်းပေါက်ဖာခြင်းကို ဦးစားပေး ပြုလုပ်သွားမည်ဟုသိရ
မိုးများသည့် လက်ရှိကာလ အတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ကတ္တရာ လမ်းခင်းခြင်း လုပ်ငန်းများကို ခေတ္တ ရပ်နား ထားမည်ဖြစ်ပြီး ကွန်ကရစ် လမ်းများကိုသာ ခင်းကျင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ပြောကြားခဲ့သည်။
မိုးများသည့် အချိန်များတွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအစား လမ်းပေါက်ဖာခြင်းလုပ်ငန်းကို ဦးစားပေးပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင်း ကတ္တရာကွန် ကရစ်ဖြင့် လမ်းခင်းမှုများပြုလုပ် လျက်ရှိသော ပြည်လမ်း (ခုတင် ၁၀၀၀ ဆံ့ဆေးရုံရှေ့)နှင့် တောင် ဥက္ကလာပမြို့နယ် သစ္စာလမ်းခင်း ခြင်းလုပ်ငန်းကို လက်ရှိခေတ္တရပ်နား ထားကြောင်း သိရှိရသည်။ ''မိုးများတဲ့အချိန် အစိုဓာတ် များတော့ ကတ္တရာကခင်းလို့ အဆင် မပြေဘူး။ ဒါကြောင့် နေသာတဲ့ အချိန်တွေလောက်ပဲ ခင်းလို့အဆင် ပြေတယ်။ ဒါကြောင့် မိုးဆက်တိုက် ရွာနေတဲ့ အခုအချိန်တွေမှာ ကတ္တရာ နဲ့လမ်းခင်းမှုတွေ ခဏရပ်ထားတယ်။ ကွန်ကရစ်လမ်းတွေကိုတော့ ဆက် ခင်းသွားမယ်။ ပြီးတော့ ကတ္တရာနဲ့ လမ်းပေါက်ဖာတာကို ဦးစားပေး လုပ်နေပါတယ်။ လမ်းပေါက်တွေ က မဖြစ်မနေဖာရမယ့်လုပ်ငန်းလေ'' ဟု မြို့တော်ဝန်က ပြောပြခဲ့သည်။
လက်ရှိ ရန်ကုန်မြို့တော်စည် ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်းပေါက်ဖာခြင်းလုပ်ငန်းကို ၀န် ထမ်းအင်အား ၂၀၀ ခန့်ဖြင့် ပြုလုပ် လျက်ရှိပြီး လမ်းပေါက်ဖာခြင်း အတွက် ကတ္တရာ ကွန်ကရစ်များ အလုံအလောက်ထားရှိကြောင်း သိရ သည်။ လက်ရှိတွင် ထောက်ကြန့် လမ်းဆုံအနီး ပြည်လမ်းမကြီး တစ် လျောက်တွင်လမ်းပေါက်ဖာခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
''ရန်ကုန်မြို့လမ်းတွေက ကား အရမ်းသွားလွန်းတော့ လမ်းပေါက် တွေများလာတယ်။ တချို့လမ်းပေါက် တွေဆို တော်တော်နက်တယ်။ ဒါ ကြောင့် ညဘက်လိုအချိန်မျိုး ကား မောင်းမယ်ဆိုရင် လမ်းပေါက်တွေ ကို တော်ရုံမမြင်ရဘူး။ ဒါအန္တရာယ် ရှိနိုင်တယ်''ဟု ရန်ကုန်မြို့တွင်း အငှား ယာဉ်မောင်းနှင်သူတစ်ဦးက ပြောပြ ခဲ့သည်။ လမ်းပေါက်ဖာခြင်း လုပ်ငန်း ကို ခရိုင်အလိုက် ပြုလုပ်ပေးနေခြင်း ဖြစ်ပြီး နေသာချိန် ဆက်တိုက်ရရှိမှ သာလမ်းခင်းခြင်း လုပ်ငန်းကိုပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။ နှစ်စဉ် ယခုအချိန်သည် ကတ္တရာလမ်းခင်း ခြင်းလုပ်ငန်းကို ခေတ္တ ရပ်နားထား ရသည့်အချိန်ဖြစ်ကြောင်းသိရသည်။
Thursday, June 18, 2009
အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်းတွင် သူနာပြုဆရာမကို တာလီဘန်များကသတ်
အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော တာလီဘန်စစ်သွေးကြွများက အပြစ်မဲ့ပြည်သူများကို တိုက်ခိုက်ရာ ဇွန်၁၃ရက်ညက သူနာပြုဆရာမစုံတွဲသည် ကံမကောင်းအကြောင်းမလှစွာဖြင့် အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အာမာဒီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
သူနာပြုဆရာမစုံတွဲသည် ခိုမာလစ်ကျေးရွာသို့ လူနာကြည့်ရန် ဆိုင်ကယ်နှင့်သွားစဉ် ဖာရတ်ဝှမ်ပြည်နယ်အပြင်ဘက်တွင် စစ်သွေးကြွများ၏ ပစ်ခတ်ခြင်းကို ခံရခြင်းဖြစ်သည်။ တာလီဘန်များသည် မကြာခဏဆိုသလိုပင် ကျောင်းများနှင့် ဆရာ၊ ဆရာမများကို ဒုက္ခပေးလေ့ရှိသဖြင့် ကျောင်းများရာချီ၍ ပိတ်ရလေ့ရှိသည်။ အများဆုံးဖြစ်ပွားသော နေရာများမှာ တောင်ပိုင်းရှိ ပြည်နယ်များဖြစ်သည်။
Wednesday, June 17, 2009
ဥရောပ၌ A(H1N1)ဖြင့် ပထမဆုံးသေဆုံးသူ ဗြိတိန်နိုင်ငံ စကော့တလန်ပြည်နယ်မှဖြစ်
အဆိုပါ A(H1N1)တုပ်ကွေးရောဂါဖြင့် လူသေဆုံးမှုမှာ ဥရောပတွင် ပထမဆုံး အသက်ဆုံးပါးရသည့် A(H1N1) တုပ်ကွေးရောဂါသည်ဖြစ်သည်။
ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်
ရှေးဦးစွာ တာဝန်ရှိသူများက ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်ပိုစတာပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် ပိုစတာပြိုင်ပွဲကို အဆင့်အလိုက်ရေးဆွဲပြိုင်ပွဲဝင်ကြပြီး အဆင့်(၁)ပြိုင်ပွဲတွင် အသက်ခြောက်နှစ်မှ ရှစ်နှစ်တွင် အမျိုးသား၁၈ဦး၊ အမျိုးသမီးခြောက်ဦး၊ အဆင့်(၂)ပြိုင်ပွဲတွင် အသက်ကိုးနှစ်မှ ၁၂နှစ် အမျိုးသား၅၀၊ အမျိုးသမီး ၂၇ဦး၊ အဆင့်(၃)ပြိုင်ပွဲတွင် အသက် ၁၃နှစ်မှ ၁၅နှစ်အထိ အမျိုးသား၄၀၊အမျိုးသမီး ၁၀ဦး၊ အဆင့်(၄)ပြိုင်ပွဲတွင် အသက်၁၆နှစ်မှ ၁၈နှစ်အထိ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပြိုင်ပွဲဝင် စုစုပေါင်း ၁၅၂ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဇွန်၁၄ရက်တွင် စာစီစာကုံးပြိုင်ပွဲကို တက္ကသိုလ်၊ ကောလိပ်အဆင့်အား တောင်ကြီးတက္ကသိုလ် တွင်လည်းကောင်း၊ အထက်တန်းနှင့် အလယ်တန်းအဆင့်ပြိုင်ပွဲကို တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း အဆင့်အလိုက် အသီးသီးကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကို အလယ်တန်း အဆင့်၊ အထက်တန်းအဆင့်၊ တက္ကသိုလ်၊ ကောလိပ်အဆင့် ပါဝင်ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲဝင်ဦးရေ ၁၆၉ဦးရှိ ကြောင်း သိရသည်။
Tuesday, June 16, 2009
ကမ္ဘာ့လူတုပ်ကွေးအကြောင်း သိကောင်းစရာ
Monday, June 15, 2009
Saturday, June 13, 2009
အာဖဂန်နစ္စတန်တွင် တိုက်ပွဲများဖြစ်၊ တာလီဘန် ၂၀ ကျော်သေဆုံး
အဆိုပါ ပူးပေါင်းစစ်ဆင်ရေးကို ကဘူးပြည်နယ်တွင် ဆင်နွှဲရာ မြေပြင်တွင်သာမက လေကြောင်းမှလည်း တိုက်ခိုက်ကြသည်။ ထိုစစ်ပွဲတွင် တာလီဘန် ၂၀ ကျော်သေဆုံးသွားကြောင်း၊ ထိုပူးပေါင်းစစ်ဆင်ရေးပြုလုပ်ပြီး ၄င်းတို့၏ အခြေစိုက်စခန်းသို့ ပြန်လာကြစဉ် လမ်းဘေးတွင်ထောင်ထားသည့် ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အာဖဂန်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ပြည်နယ်ရဲမှူးကြီး အဗ္ဗဒူလ်ရာမန်ဆာဂျန်းက ပြောကြားသည်။
အာဖဂန်အနောက်မြောက်ပိုင်း ဖားရတ်ပြည်နယ်ရှိ ရဲတပ်ဖွဲ့လုံခြုံရေးစခန်းကို စစ်သွေးကြွများက တစ်နာရီကြာ ပစ်ခတ်ရာ ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးကြောင်း ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့အကြီးအကဲ ခါလီအန်ဒရာဘီက ပြောကြားသည်။ တာလီဘန်တို့တိုက်သဖြင့် အရှေ့ပိုင်းပြည်နယ်ဖြစ်သော ပက်တီကာရှိ ဆာဟောဇာခရိုင်မှ ရဲတပ်ဖွဲ့အကြီးအကဲသေဆုံးကြောင်း၊ ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့များကို စစ်သွေးကြွတို့က ချုံခိုတိုက်ခိုက်ရာ လေးဦးသေဆုံးကြောင်း အစိုးရ၏ ပြောခွင့်ရပုဂ္ဂလိက ပြောကြားသည်။
သမ္မတအိုဘားမားက အာဖဂန်အစိုးရ၏ စစ်ရေးထိန်းချုပ်မှုနှင့် လုံခြုံရေးလိုအပ်လျက်ရှိသော နယ်မြေဒေသများအတွက် အကူအညီ ရရှိစေရန် ယခုနှစ်အတွင်းတပ်ဖွဲ့ဝင်အင်အား ၂၁၀၀၀ကို ထပ်မံ စေလွှတ်လျက်ရှိသည်။
Friday, June 12, 2009
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက သီရိလင်္ကာနိုင်ငံသို့ အကူအညီအဖြစ် အလှူငွေပေးအပ်
အဆိုပါလှူဒါန်းသည့် အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာနယူတန်ဂုဏရတနာနှင့် သံရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင်ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရကိုယ်စား နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီးဦးဉာဏ်ဝင်းက အမေရိကန်ဒေါ်လာငါးသောင်းကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာနယူတန်ဂုဏရတနာက လက်ခံပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
Thursday, June 11, 2009
အင်္ဂါဂြိုဟ်နှင့်သောကြာဂြိုဟ် ယှဉ်ပူးမှုဖြစ်စဉ် ဇွန်လ ၂၁ ရက်နေ့တွင်ဖြစ်ပေါ်မည်


ဇွန်လ ၂၁ ရက်နေ့၌ အင်္ဂါဂြိုဟ် နှင့်သောကြာဂြိုဟ် ယှဉ်ပူးမှုဖြစ်စဉ် ဖြစ်ရန်ရှိမှုနှင့် ပတ်သက်၍ နက္ခတ်ပညာ ရှင်တစ်ဦးက ''အခုဖြစ်စဉ်အနေနဲ့ ဂြိုဟ်နှစ်လုံးရဲ့ ယိုင်ထောင့် ကြန္တီ (Declination) အကွာအဝေးက နှစ်ဒီဂရီအတွင်းမှာ ဖြစ်ပေါ်မှာ ဖြစ် ပြီးတော့ မိဿရာသီခွင် အတွင်းမှာ ဖြစ်ပေါ်မှာပါ။ မိဿရာသီက အင်္ဂါ ဂြိုဟ်ပိုင်ပြီး အလင်းအားကောင်းတဲ့ ကသစ်အိမ်ဖြစ်ပြီး သောကြာဂြိုဟ် အားနည်းတဲ့ပြအိမ်ဖြစ်ပါတယ်။ အဲဒီ ဂြိုဟ်နှစ်လုံးရဲ့ ယှဉ်ပူးမှုမှာ အင်္ဂါဂြိုဟ် က သောကြာဂြိုဟ်ထက် ပိုအားကောင်းတဲ့အတွက် နက္ခတ်တာရာကြည့်မှန် ပြောင်းနဲ့ကြည့်မယ်ဆိုရင် အင်္ဂါဂြိုဟ်ကို အနီရောင် မီးကျီးခဲသဏ္ဌာန် တောက်တောက်ပပ တွေ့ရပြီး သောကြာဂြိုဟ် ကိုတော့ ဂြိုဟ်အားနည်းတဲ့အတွက် အဖြူရောင် ဖျော့ဖျော့သဏ္ဌာန်နဲ့ပဲ တွေ့ရမှာပါ။ အခုလို အင်္ဂါဂြိုဟ်နဲ့ သောကြာဂြိုဟ် ယှဉ်ပူးတာကို ၁၉၀၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း မှာ (၁၀၂)ကြိမ်အထိ တွေ့ရှိနိုင်ပြီး အခုတွေ့ရှိတဲ့ အကြိမ်ကတော့ အကြိမ် (၁၀၀)မြောက်ဖြစ်ပါတယ်။ ဒါပေ မယ့် ယိုင်ထောင့်ဒီဂရီ နီးနီးကပ်ကပ် တွေ့မြင်နိုင်တာကတော့ (၇၂)ကြိမ် မြောက်ပါ။ ဧပြီလ ၂၂ ရက်နေ့ နံနက် ပိုင်း ၇ နာရီ ၄၈ မိနစ်တုန်းကလည်း အဲဒီဂြိုဟ်နှစ်လုံး ပူးယှဉ်မှု ဖြစ်စဉ်က မိန်ရာသီတွင် ဖြစ်ပွားခဲ့ပြီး သောကြာဂြိုဟ်ကို အလင်းရောင် ပိုမိုတောက်ပစွာ မြင်တွေ့ခဲ့ရပါတယ်။ ယိုင်ထောင့် အကွာအဝေး ၅ ဒီဂရီအကွာမှာ ဖြစ်ခဲ့တဲ့အတွက် အားပျော့ပါတယ်။ အခု ဖြစ်စဉ်မှာတော့ ယိုင်ထောင့်အကွာ အဝေးနီးကပ်တဲ့အတွက် ဂြိုဟ်နှစ်လုံးကို တစ်တန်းတည်းနီးပါး တွေ့မြင်နိုင် မှာပါ''ဟု ရှင်းပြပါသည်။
Wednesday, June 10, 2009
အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ဆိပ်ကမ်းနှင့် နယ်စပ်ဒေသ၀င်ပေါက်၊ ထွက်ပေါက်များ၌၀င်ရောက်လာသော ခရီးသည်များကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
တုပ်ကွေးရောဂါ A/H1N1 မှကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ဖြစ်နိုင်သဖြင့် မြန်မာနိုင်ငံသို့ ကူးစက်မှုမရှိစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဧပြီ ၂၅ရက်မှစတင်ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ယခုဖြစ်ပွားလျက်ရှိသော တုပ်ကွေးရောဂါ Influenza A/H1N1 မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မလာစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော နေ့စဉ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ ဆေးကုသမှုလုပ်ငန်းဆိုင်ရာပြင်ဆင်ထားရှိခြင်း၊ ဆေးရုံများ၌ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းနှင့် ဓာတ်ခွဲစမ်းသပ်နိုင်ရန် ပစ္စည်းများဖြန့်ဖြူးထားရှိခြင်း၊ လူနာသီးသန့်ဆောင်များ အသင့်အနေအထား ပြင်ဆင်ထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထုအား ယခုဖြစ်ပွားလျက်ရှိသော တုပ်ကွေးရောဂါ A/H1N1 ဖြစ်ပွားမှုအခြေအနေကို ရုပ်မြင်သံကြား၊ ရေဒီယို ၊ သတင်းစာများမှတစ်ဆင့် ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ကျန်းမာရေးအသိပညာပေးခြင်း၊ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၂၉ ရက်မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် နယ်စပ်ဒေသ ၀င်ပေါက်၊ ထွက်ပေါက်များ၌ ၀င်ရောက်လာသော ခရီးသည်များ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၌ ယနေ့အထိ တုပ်ကွေးရောဂါ A/H1N1 ကူးစက်ဖြစ်ပွားမှုလုံးဝမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဘဂ္ဂဒက်မြို့ရှိ လုံခြုံရေးတင်းကျပ်ထားသော အစိမ်းရောင်နယ်မြေအတွင်း စိန်ပြောင်း သို့မဟုတ် ဒုံးကျည်ကျရောက်ပေါက်ကွဲ
အခင်းဖြစ်ပွားချိန်တွင် အချက်ပေးဥသြသံများ မြည်လာပြီး အသံချဲ့စက်များဖြင့် ပြည်သူများအား အကာအကွယ်ယူကြရန်နှင့် ပြတင်းပေါက်များအနီးတွင် မနေကြရန် သတိပေးမှုများ ပြုလုပ်ကြောင်း သိရသည်။
အစိမ်းရောင်နယ်မြေပေါ်သို့ သွယ်ဝိုက်ပစ်သော လက်နက်များ ကျရောက်ပေါက်ကွဲသည်ဟု စိန်ပြောင်း၊ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို အမေရိကန်စစ်ဘက်က ရည်ညွှန်းပြောကြားခြင် ဖြစ်သည်။ တနင်္ဂနွေနေ့တွင် ဖြစ်ပွားသော တိုက်ခိုက်မှုကြောင့် အသေအပျောက်သတင်းကို အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာခြင်း မပြုပေ။ အီရတ်အစိုးရအဖွဲ့ဝင်များ နေထိုင်ရာ အစိမ်းရောင်နယ်မြေအတွင်း ပြီးခဲ့သော သီတင်းနှစ်ပတ်က ဒုံးကျည်ကျရောက်ပေါက်ကွဲရာ အမေရိကန်တစ်ဦး သေဆုံးခဲ့ရသည်။
Tuesday, June 9, 2009
ကက်ရှ်မီးယားတွင် ဘတ်စ်ကား မြစ်ထဲထိုးကျ၊ ၂၆ ဦးသေ
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားသော မတော်တဆမှုတွင် ကားမောင်းသမားသည် တောင်တက်လမ်းတစ်ခုတွင် ကားကိုမထိန်းနိုင်ဘဲ ရုတ်တရက် ကွေ့လိုက်ရာ ဒိုဒါခရိုင်ရှိ ရှီနဗ်မြစ်ထဲသို့ ထိုးကျသွားခြင်း ဖြစ်သည်။
အိန္ဒိယစစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေသော်လည်း ရေစီးသန်ပြီး နက်ရှိုင်းသောကြောင့် လုပ်ငန်းနှောင့်နှေးလျက်ရှိသည်။
အိန္ဒိယတွင် နှစ်စဉ်ယာဉ်မတော်တဆမှုကြောင့် ရာပေါင်းများစွာ အသက်ဆုံးရှုံးရသည်။ မတော်တဆမှု အများစုမှာ မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းတံတားပြင်ဆင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် သက်တမ်းကြာမြင့်၍ အိုဟောင်းနေသည့် ယာဉ်များကြောင့်ဖြစ်သည်ဟု ဆိုသည်။
တူရကီတွင် တိုက်ပွဲဖြစ်၊ တူရကီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး
ယင်းတိုက်ပွဲသည် ဆာနက်ပြည်နယ်ရှိ အက်စ်တက်လာဒီရီလာဒေသတွင် ဖြစ်ခဲ့ပြီး အခြားတပ်ဖွဲ့ဝင် သုံးဦးလည်းဒဏ်ရာရရှိသွားကြောင်း သတင်းတွင် ဖော်ပြသည်။ ထိုတိုက်ပွဲပြီးနောက် ပီကေကေတို့က တူရကီတို့အားပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကို ဇူလိုင် ၁၅ ရက်ထိ ရပ်နားထားမည်ဟု ကြေညာခဲ့သည်။
တူရကီအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် ပီကေကေသူပုန်များအား တူရကီလုံခြုံရေးတပ်ဖွဲ့များက မကြာခဏထိုးစစ်ဆင် တိုက်ခိုက်လေ့ရှိသည်။ ၁၉၈၄ ခုနှစ်တွင် တူရကီအရှေ့တောင်ပိုင်း၌ ပီကေကေတို့က လက်နက်စွဲကိုင်ခဲ့သည်မှာ ၄င်းတို့လူမျိုးစု၏ နယ်မြေကိစ္စကြောင့် ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်းပြည်သူ ၄၀၀၀၀ခန့် သေဆုံးခဲ့ရသည်။
တူရကီစစ်ဘက်ဆိုင်ရာက ပီကေကေများကို အပြင်းအထန်တိုက်ခိုက်ပြီးနောက် တူရကီနိုင်ငံ၏ ဥပဒေပြုအာဏာပိုင် အဖွဲ့က နိုင်ငံ၏အချုပ်အခြာအာဏာကို တိုးချဲ့ပြီး အီရတ်နိုင်ငံ မြောက်ဘက်ထိ သူပုန်များကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မည်ဟုဆိုသည်။
Monday, June 8, 2009
ရုရှားဒေသဆိုင်ရာဝန်ကြီး လုပ်ကြံခံရ
၎င်းနှင့်အတူ အခြားနှစ်ဦးလည်း ဒဏ်ရာရရှိကြသည်။
ဝန်ကြီးအေဒီးလ်ဂျီရိုင်းမာဂိုမက် တာဂီရော့ဗ်သည်ရရှိသော သေနတ်ဒဏ်ရာဖြင့်ပင် ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီတွင် ဆေးရုံ၌ သေဆုံးသွားသည်။ မာခါစကာလာမြို့မှ စားသောက်ဆိုင်တစ်ဆိုင်အတွင်း ၀င်ရောက်စဉ်အပစ်ခံရခြင်း ဖြစ်သည်။
သောကြာနေ့က သီးခြားအဖြစ်အပျက်တစ်ခုမှာ ကော့ကေးဆပ်အနီး အင်ဂူရှီရှာဒေသတွင် တိုက်ပွဲဖြစ်ပွားရာ သေနတ်သမားလေးဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြသည်။
တရုတ်အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသ၌ မုန်တိုင်းများကြောင့် ၂၇ ဦးသေဆုံး
ဇွန် ၅ရက် ညနေ၅ နာရီက ဟီနန်၊အင်ဟူ၊ရှန်စီ၊ရှန်ဒူနှင့် ကျန်စုပြည်နယ်များတွင် လေပြင်းမုန်တိုင်းများ မိုးသီးမိုးပေါက်များနှင့် မိုးသည်းထန်စွာ ရွာခဲ့သည်။ မုန်တိုင်းတိုက်ခတ်စဉ်အတွင်း လူပေါင်း၎ ဒသမ၄၄သန်းခန့်၏ နေအိမ်များပျက်စီးခဲ့ပြီး ဟီနန်နှင့်အင်ဟူပြည်နယ်တို့တွင်လည်း ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။ ဇွန် ၃ရက် မွန်းတည့်ချိန်က ဟီနန်ပြည်နယ်ရှိ စင်ကျို့၊ ကီဖန်နှင့် ရှန်ကျုမြို့တို့အား မုန်တိုင်း စတင်တိုက်ခတ်ခဲ့ပြီး ခန့်မှန်းခြေတန်ဖိုး ယွမ် ၂ ဒသမ ၂၁၂ ဘီလိယံ(အမေရိကန် ဒေါ်လာ ၃၂၃ ဒသမ ၇ သန်း) ဆုံးရှုံးခဲ့သည်။
Saturday, June 6, 2009
တရုတ်နိုင်ငံ ချုံကျင်းအရပ်၌ မြေပြိုမှုဖြစ်ပွား ၅၉ ဦးသေဆုံး၊နေအိမ်ခြောက်လုံးပျက်စီး
ဖြစ်ပွားမှုမှာ ချုံကျင်းမြူနီစီပယ်အရပ်ရှိ ကျီဝေတောင်အနီး သံသတ္တုတွင်း ပြိုကျခဲ့ခြင်းဖြစ်ပြီး လူသေဆုံးမှုနှင့် နေအိမ်ခြောက်လုံးပျက်စီးမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။
အပျက်အစီးများအောက်တွင် လူသေဆုံးမှုရှိမရှိ ရှာဖွေမှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
မိုဆူးလ်မြို့၌ ကားဗုံးပေါက်ကွဲတိုက်ခိုက် အရပ်သားတစ်ဦးသေဆုံး ၊ခြောက်ဦးဒဏ်ရာရ
ယင်းဖြစ်ပွားမှုသည် မိုဆူးလ်မြို့တောင်ပိုင်းရှိ ဒါဝါဆာရာဒေသ၌ ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါသတင်းရပ်ကွက်၏ ပြောကြားချက်ကို ဆင်ဟွာသတင်း၌ ဖော်ပြသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားရာသို့ အီရတ်လုံခြုံရေးတပ်ဖွဲ့ ချက်ချင်းရောက်ရှိလာကာ ကာကွယ်စောင့်ရှောက်မှု ပြုလုပ်ကြောင်း သို့ရာတွင် နိုင်ငံစုံတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်ပေါ်ခဲ့ပေ။
ဘဂ္ဂဒက်မြို့ မြောက်ပိုင်း ကီလိုမီတာ ၄၀၀ရှိ မိုဆူးလ်မြို့၌ အယ်လ်ခိုင်ဒါအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိသည်။
အိုအေအက်စ်သည် အမေရိကန်၏ အဖျက်အမှောင့်အဖွဲ့သာဖြစ် ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ်လ်ကက်စထရိုဝေဖန်ပြောကြား
ကျူးဘားနိုင်ငံကို ၁၉၅၉ ခုနှစ်မှ ၂၀၀၆ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ကက်စထရိုသည် စုပေါင်းဆောင်ရွက်သော ယင်းအဖွဲ့အစည်းအတွင်းသို့ ၀င်ရောက်သွားနိုင်သည့် ကျူးဘားနိုင်ငံ၏ အလားအလာကို စာရင်းမှ ပယ်ဖျက်ခဲ့သည်။
ကျူးဘားနှင့် အခြားလက်တင်အမေရိက နိုင်ငံများအပေါ် အမေရိကန်ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများ အားလုံးတွင် အိုအေအက်စ်သည် ကြံရာပါဖြစ်ခဲ့ကြောင်း အစိုးရပိုင်မီဒီယာ၏ ဇွန် ၃ ရက်တွင် ထုတ်ဝေသော ဆောင်းပါးတွင် ဖီအယ်လ်ကက်စထရို၏ ပြောကြားချက်ကို ထည့်သွင်းဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံသည် ကျုးဘားနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေး ထပ်မံတိုးမြှင့်ပိတ်ဆို့မှုအဖြစ် ကျုးဘားနိုင်ငံ၏ ခေတ်ပြောင်းတော်လှန်ရေးဆင်နွှဲပြီး သုံးနှစ်အကြာ ၁၉၆၂ ခုနှစ်၌ ကျုးဘားနိုင်ငံကို အိုအေအက်စ်အစည်းအဝေးများ တက်ခွင့်ပိတ်ပင်ခဲ့သည်။
အိုအေအက်စ်သည် ဒေသအတွင်းရှိ အခြားနိုင်ငံများကို အမေရိကန် ၀င်ရောက်စွက်ဖက်နိုင်ရန် ကူညီဆောင်ရွက်နေခြင်းမျှသာဖြစ်ကြောင်း ကက်စရို၏ ဆောင်းပါးတွင် စွပ်စွဲထားပြီး ယင်းအဖွဲ့ကိုလည်း တရားဝင်ဖျက်သိမ်းပစ်ရန် ကက်စထရိုက တောင်းဆိုခဲ့သည်။
Thursday, June 4, 2009

သဘာဝကော်ဖီ စစ်စစ်တွေကိုပဲ သောက်တော့မယ်
...........................................................................
ရေနွေးပူပူ တွင် လျင်မြန်စွာ ပျော်ဝင်လွယ်ပြီး အ သင့်သောက်သုံးနိုင် သော၊ အချိန်ကုန်မခံ နိုင်သူများအတွက် မိနစ်အနည်းငယ်သာ အချိန်ပေးရ၍ အဆင်ပြေသော ပျော်ဝင်လွယ် ကော်ဖီများ မြန်မာနိုင်ငံ၌ တွင်ကျယ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမက ကျော်လွန်ခဲ့ပြီဖြစ်သည်။
နေ့စဉ် အချိန်နှင့်တစ်ပြေးညီ သွားလာလှုပ် ရှားကြရသည့် လက်ရှိကာလတွင် အသင့်အသုံး ပြုနိုင်သည့် အစားအသောက်မျိုးစုံတွင်ကျယ်နေ သည့်အထဲ ကော်ဖီမစ်လည်း ပါဝင်သည်။ ကော်ဖီစစ်စစ်ကြိုက်သူများအဖို့ အသင့် သောက်သုံးနိုင်သည့်ကော်ဖီများကိုပင် အချိန် ကုန်သက်သာမှု၊ လွယ်ကူမှုကြောင့် သောက်သုံး ဖြစ်နေကြရသည်။
သို့သော်လည်း မယ်လမင်းပြဿနာ၊ ဆိုး ဆေးပြဿနာစသည့် အစားအသောက်များ အပေါ် ရိုက်ခတ်လာသည့် ဂယက်များ၏နောက် တွင်မူ သဘာဝအစားအသောက်များ၊ ဘေးထွက် ဆိုးကျိုးနည်းပါးသော အစားအသောက်များ ဘက်သို့ စားသုံးသူများ အာရုံပြောင်းစပြုလာ သည့်အခါ ကော်ဖီများနှင့်ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားလာရသည်ဟု စားသုံးသူ၊ လေ့လာသူနှင့် ကျွမ်းကျင်သူများက သုံးသပ်ကြ ပါသည်။
လူနေမှုပြောင်းလဲခြင်း၏အရိပ်(သို့မဟုတ်)ကော်ဖီယဉ်ကျေးမှု
လူနေမှုအသွင်ပြောင်းလဲခြင်း၏ နောက် တွင် အရိပ်သဖွယ်ကပ်ပါလာပြီး လူအများစု လက်ခံလာသည့် အချက်တစ်ခုမှာ ကော်ဖီယဉ် ကျေးမှုဖြစ်ပါသည်။ ကော်ဖီကိုယခုနောက်ပိုင်းနှစ်များတွင် လူ လက်ခံမှုများပြားလာခဲ့သည်။
မိမိနေအိမ်တွင် ကိုယ်တိုင်ဖျော်စပ် သောက်သုံးမှု များလာသည်။ မိတ် ဆွေချင်းတွေ့ဆုံရန်လည်းကော်ဖီဆိုင် ကို စကားပြောဆိုရန် နေရာအဖြစ် ရွေးချယ်လာခဲ့ကြပါသည်။ ''ဈေးကွက်မှာ ကော်ဖီမှုန့် ရောင်းချမှုက နေရာရလာပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ အဆင့်မြင့် ကော်ဖီဆိုင်တွေ များလာတယ်။ လူ နေမှု ဖွံ့ဖြိုးလာတာနဲ့အမျ ကိုယ်တိုင် Coffee Maker တွေအသုံးပြုပြီးဖျော် သောက်တာတွေလည်း ဖွံ့ဖြိုးလာ ပါတယ်''ဟုရွှေပုစွန်မှ Sales Manager ဦးအပါလှိုင်က ပြောပြသည်။
''Coffee Maker တွေ ၀ယ်ရ တာလွယ်ကူလာတာကြောင့်လည်း ကိုယ်တိုင် ဖျော်စပ်သောက်ကြတာ တွင်ကျယ်လာတာလို့ ဆိုနိုင်ပါ တယ်''ဟု ၄င်းက ဆက်လက်ပြောပြ သည်။ ကော်ဖီယဉ်ကျေးမှုသည်ယခု နှစ်များတွင် မြို့နေလူထုသာမက ကျေးလက်တွင် နေထိုင်သူများအထိ ပါ ကူးစက်ပျံ့နှံ့ခဲ့ပြီဖြစ်သည်။ ထိုသို့ ပျံ့နှံ့လာသည့်နောက် တွင် ကော်ဖီမှုန့်၊ နို့၊ သကြားစသည် တို့ဖြင့် ကိုယ်တိုင်ဖျော်စပ်သည့် ကော်ဖီနှစ်သက်သူများရှိနေသကဲ့သို့ အလွယ်တကူ စပ်ပြီးသား သောက် လိုသူများကမူ တစ်ခါသောက် ကော် ဖီမစ်ထုပ်များကိုဝယ်ယူသောက်သုံး လာကြသည်။ ဈေးကွက် လိုအပ်ချက် ဖြစ်လာခဲ့ သည်။
အချိန်ကုန်သက်သာတဲ့အတွက် ခွက်ရေပိုသောက်ဖြစ်တဲ့ ကော်ဖီမစ်တွေ

ရေနွေး အဆင်သင့်ရှိရုံ၊ ကော် ဖီထုပ်ရှိရုံနှင့် ကော်ဖီတစ်ခွက်ကို သောက်သုံးနိုင်လာသောကြောင့် တစ် နေ့လျင် ကော်ဖီခွက်ရေကို တစ်ခွက်၊ နှစ်ခွက်မှ ခွက်များစွာ ပုံမှန်ထက် ပိုမိုသောက်သုံးလာခြင်းများရှိလာခဲ့ သည်ဟုလည်းလေ့လာသိရှိရသည်။
''နောက်ပိုင်းပေါ်လာတဲ့ ကော်ဖီ မစ်တွေက အာရှနိုင်ငံတွေမှာ တော် တော်ခေတ်စားလာတယ်။ အနောက် နိုင်ငံတွေမှာတော့ သောက်လေ့ သောက်ထ သိပ်မရှိဘူး။ ကော်ဖီမစ် တွေက လူတွေ သောက်ချင်လာ အောင် ဆွဲဆောင်ထားနိုင်တယ်''ဟု အငြိမ်းစား ပါမောက္ခ ဒေါက်တာ မြင့် မြင့်ခင်က သုံးသပ်ပါသည်။ ကော်ဖီ တွင်ပါဝင်သည့်ကဖင်းဓာတ်၏သက် ရောက်မှုကလည်း နေ့စဉ်သောက် သုံးမှုအကြိမ်ရေများပြားပါက ကျန်း မာရေးကို သက်ရောက်မှုရှိမည်ဟု သိရသည်။ ''သောက်တဲ့အကြိမ်ရေနဲ့ ပမာဏပေါ်မူတည်ပြီး များတာ၊ နည်းတာ ကွဲတယ်။ Starbuck လို ကော်ဖီတွေနဲ့နှပ်ပြီးသောက်တဲ့ကော် ဖီတွေမှာ ကဖင်းဓာတ်များတယ်။ နောက် တစ်နေ့ တစ်ခွက်သောက်တဲ့ လူနဲ့တစ်နေ့ လေး၊ ငါးခွက်သောက် တဲ့လူမှာ ကဖင်းဓာတ်သက်ရောက်မှု မတူနိုင်ပါဘူး''ဟု ၄င်းက ဆက်လက် သုံးသပ်ပါသည်။
''Instant Coffee သောက်တဲ့ သူက သဘာဝကော်ဖီသောက်တဲ့သူ ထက် ပိုသောက်ဖြစ်တဲ့ အချက်တစ် ခုရှိနိုင်ပါတယ်။ Instant Coffee မှာ က ကော်ဖီမှုန့်ကိုပါ အလွယ်တကူ ပျော်ဝင်အောင် ဓာတ်ပစ္စည်းတွေနဲ့ ပေါင်းခံထားရတာပါ။ ဒါကြောင့် ရင်တုန်တာလိုမျိုးကို Instant Coffee ပိုသောက်တဲ့သူတွေကြုံရ တာပါ'' ဟု Premier Coffee မှ Marketing Supervisor ကိုသီဟ အောင်က ပြောကြားသည်။
ကော်ဖီမှုန့်နဲ့ ကော်ဖီမစ်တို့ရဲ့ လက်ရှိဈေးကွက်အခြေအနေ
မယ်လမင်းပြဿနာ၊ ဆိုးဆေး တွေ့ရှိမှုဖြစ်စဉ်စသည့် အစားအစာ များနှင့် ပတ်သက်သည့် ဂယက်များ ဖြစ်ပေါ်ပြီးသည့်နောက်တွင် သဘာ ၀ပစ္စည်းများအပေါ် စားသုံးသူတို့ အာရုံလွှဲပြောင်းလာပြီဖြစ်သည်။ သို့သော်လည်း ကော်ဖီဈေးကွက်တွင်မူ နှိုင်းယှဉ်ပြောရသည်အထိ ပြောင်း လဲမှုမရှိသေးဟု ဆိုပါသည်။ ''မယ်လမင်းပြီးတဲ့နောက် ကော် ဖီဈေးကွက်ကို နှိုင်းယှဉ်လို့မရသေး ပါဘူး။ သူ့ဈေးကွက်နဲ့ သူ မျပါ တယ်''ဟု နှစ်ပေါင်း ၄၀ သက်တမ်း ရှိပြီဖြစ်သည့် လက်ရွေးစင်ကော်ဖီမှ ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွန်းက ပြောပြသည်။
အသင့်စားသောက်အသုံးပြု နိုင်သည့် အစားအသောက်များ၌ ဘေးထွက်ဆိုးကျိုး အနည်းနှင့်အ များ ပါဝင်မည်ကို သိရှိကြသူ များ ပြားသော်လည်း ယင်းအစားအ သောက်များကို ရှောင်ရန် ခက်ခဲနေ ခြင်းမှာ ကိုယ်တိုင်ပြင်ဆင်စား သောက်ရန် အချိန်ကို လုနေရသော ကြောင့်ဟု စားသုံးသူအချို့က ဆိုပါ သည်။ ''သဘာဝကော်ဖီက ရန်ကုန်မှာ ဈေးကွက်ရပေမယ့် နယ်မှာတော့ Instant Coffee ကိုပဲ သောက်ကြ တာပိုများတယ်။ နောက်ပိုင်းမှာတော့ ဘေးထွက်ဆိုးကျိုးနည်းတဲ့သဘာဝ ကော်ဖီဘက်ကို ပိုလက်ခံလာဖို့ မျော်လင့်တယ်။ ဈေးကွက်မှာ Instant Coffee က ၀ယ်လိုအား ရှိနေတုန်းပါပဲ''ဟုကိုသီဟအောင်က ဈေးကွက်ကို သုံးသပ်ပြသည်။
ဘေးထွက်ဆိုးကျိုးနှင့် ကော်ဖီ
''သဘာဝ ပစ္စည်းတွေမှာလည်း ဆိုးကျိုးရှိတယ်။ ကော်ဖီမှာဆို ကဖင်းဓာတ်က အဓိက ဆိုးကျိုးပဲ။ သူက သွေးပေါင်မြင့်စေတယ်။ ဦး နှောက်ကို နှိုးဆွပေးတယ်။ ကြာရင် သွေးတိုးရောဂါ ဖြစ်စေနိုင်တယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာမှာ ဆွပေးတာနဲ့ နှိမ်ပေးတာရှိတယ်။ အဲ ဒီနှိမ်ပေးတာကို ကဖင်းဓာတ်က ဟန့်တားတယ်''ဟု အငြိမ်းစား ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင်က ပြောပါ သည်။
ကဖင်းဓာတ်ပါဝင်မှုကြောင့် သဘာဝကော်ဖီဖြစ်စေကာမူ ဘေး ထွက်ဆိုးကျိုးက သောက်သုံးမှုပေါ် မူတည်၍တွေ့ရမည်ဖြစ်သည်။''ကော်ဖီကို သင့်တင့်ရုံသောက် ရင် ဦးနှောက်ကို သွက်လက်စေ တယ်။ လန်းဆန်းစေတယ်။ ဦး နှောက်ရဲ့လုပ်အားကို မြှင့်ပေးတယ်။ သောက်တာများသွားရင် ကတုန်က ရင်ဖြစ်မယ်။ ဂနာမငြိမ်ဖြစ်မယ်။ ည ဘက်ကော်ဖီသောက်ပြီး အိပ်မပျော် တာ ကဖင်းကြောင့်ပဲ။ တစ်နေ့ကို ကော်ဖီခပ်ကျဲကျဲ နှစ်ခွက်၊ သုံးခွက် သောက်တာ အကောင်းဆုံးပဲ။ မနက် စောစောနဲ့ နေ့ခင်းပိုင်းပဲ သောက် သင့်တယ်။ ညဘက်သောက်တာ မ ကောင်းပါဘူး''ဟု ဒေါက်တာ မြင့် မြင့်ခင်က ကျန်းမာရေးနှင့်ပတ်သက် ၍ အကြံပြုပြောပြသည်။
စားသုံးသူတွေ ဂရုပြုလာတဲ့အစားအစာလုံခြုံမှု
လက်ရှိကာလတွင် အစားအသောက်များနှင့် ပတ်သက်သည့် ဂယက်များ အကြိမ်ကြိမ်ဖြစ်ပေါ်ပြီး သည့်နောက် စားသုံးသူများဘက်မှ လည်း မိမိစားသုံးမည့် အစားအစာ နှင့် မိမိကျန်းမာရေးအတွက် လုံခြုံ စိတ်ချရမှုကို ရွေးချယ်မှုများရှိလာ ခဲ့ကြပြီဖြစ်ပါသည်။ ''အလွယ်ကြိုက်တဲ့သူကတော့ သူ့ဈေးကွက်နဲ့ သူရှိမှာပါပဲ။ နောက် ပိုင်းမှာ မြန်မာလူမျိုးတွေလည်း ဂရု စိုက်လာပါတယ်။ ကော်ဖီစေ့ပဲ ၀ယ်ပြီး ကော်ဖီစက်နဲ့ ဖျော်သောက် တာတွေ လုပ်လာတယ်။ တချို့က လည်း ကော်ဖီစစ်၊ မစစ် သိချင်လို့ ချက်ချင်းခွဲခိုင်းပါတယ်''ဟု လက် ရွေးစင်မှဦးမောင်မောင်ထွန်းက ရှင်း ပြသည်။
''ကော်ဖီကတော့ ကိုယ်တိုင် လည်းသောက်တယ်။ ဧည့်သည်လာ ရင်လည်း တိုက်နေကျလေ။ အ လွယ်ကတော့ ကော်ဖီမစ်ထုပ်တွေပဲ အသုံးများတယ်။ အစားအသောက် နဲ့ ပတ်သက်တဲ့ဂယက်တွေကြောင့် ကော်ဖီကိုလည်း ချင့်ချိန်ပြီးသောက် ဖြစ်လာပါပြီ''ဟု ရန်ကုန်မြို့နေ စား သုံးသူတစ်ဦးက ပြောပါသည်။ ''အရင်ကတော့ စားသုံးသူက အရောင်လှမှ စားချင်ကြတယ်။ အခု တော့ ဆိုးဆေးပြဿနာလို ဖြစ်ပြီး တဲ့နောက် ကျန်းမာရေးဘက်ကို ပို ကြည့်လာတယ်။ ဘေးထွက်ဆိုးကျိုး ကိုကြည့်လာတယ်။ သဘာဝပစ္စည်း တွေကို အားထားလာပါတယ်''ဟု ဈေးကွက်ကျွမ်းကျင်သူ ကိုသီဟ အောင်က မှတ်ချက်ပြုသည်။
''ရိုးရိုးကော်ဖီထက် ဆိုးကျိုးပို များတယ်လို့ မဆိုနိုင်ပေမယ့် မသောက်တဲ့သူ သောက်အောင်လုပ် နိုင်တယ်။ သောက်တဲ့သူ ပိုသောက် အောင်လုပ်နိုင်တယ်။ လွယ်လွယ်ရ တော့ လွယ်လွယ်သောက်တာပဲ။ အဲ ဒါကို ဆိုးကျိုးတစ်ရပ်အနေနဲ့ မြင်ပါ တယ်''ဟု အငြိမ်းစား ပါမောက္ခ ဒေါက်တာ မြင့်မြင့်ခင်က ပြောကြား ခဲ့သည်။
သဘာဝကော်ဖီစစ်စစ်နှင့် စားသုံးသူ
သဘာဝနှင့် နီးစပ်သော ကော် ဖီမှုန့်များကို စားသုံးသူဈေးကွက်သို့ ထုတ်လုပ်ဖြန့်ဖြူးသူများမှာ မန္တလေး တိုင်း၊ ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ် တို့တွင် ကော်ဖီစိုက်ခင်းများလုပ်ကိုင် ပြီး ကော်ဖီအဆင့်ဆင့်ထုတ်လုပ် ခြင်း၊ တောင်သူများအား နည်းပညာ စသည်များပံ့ပိုးပြီးကော်ဖီကိုပူးပေါင်း ထုတ်လုပ်ခြင်းများ ပြုလုပ်ကြသည် ဟုလည်း ဈေးကွက်မှသိရသည်။
ဈေးကွက်၌ဖြန့်ဖြူးသည့် ကော် ဖီမှုန့်များကိုလည်း အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စစ်ဆေးမှုများ ပြုလုပ်သည်ဟုလက် ရွေးစင်မှ ဦးမောင်မောင်ထွန်းက ပြောပြသည်။ ''ပြည်တွင်းက စားသုံးသူတွေ ကို ကော်ဖီကောင်းကောင်း၊ ကော်ဖီ စစ်စစ် သောက်စေချင်တဲ့ဆန္ဒနဲ့ ရည် ရွယ်ချက်ရှိပါတယ်။ ဒါကြောင့် လည်း သဘာဝအတိုင်း ကော်ဖီစေ့နဲ့ ကော်ဖီမှုန့်တွေကိုထုတ်လုပ်ရောင်းချ ခဲ့ပါတယ်''ဟု ရွှေပုစွန်မှ Assistant General Manager ဒေါ်စန်းစန်းရီက ပြောပါသည်။
စားသုံးသူများအနေဖြင့် ကော် ဖီမှုန့်ကို ကိုယ်တိုင်ဖျော်စပ်သောက် သုံးသူများရှိသကဲ့သို့ ကော်ဖီစေ့ကို ၀ယ်ယူ၍လည်း ကိုယ်တိုင်ကြိတ်ကာ သောက်သုံးသူများလည်းရှိသည်ဟု သိရှိရသည်။ ''အိမ်မှာ ငယ်တုန်းကတည်း က ကော်ဖီစစ်စစ်ကိုပဲ အမေဖျော်စပ် ပေးတာသောက်လာခဲ့ရတာပါ။ အခု လို တံဆိပ်စုံနဲ့ကော်ဖီမစ်တွေအလွယ် သောက်လို့ရနေပေမယ့်လည်း အရင် သောက်နေကျ ကော်ဖီအစစ်မှုန့်ကို စပ်ပြီးတော့ပဲ တစ်အိမ်လုံးသောက် နေတုန်းပါပဲ။ ကိုယ်က ကော်ဖီကို မရှောင်နိုင်တော့လည်း ကျန်းမာရေး ကို တစ်နည်းနည်းနဲ့ ပြန်ဂရုစိုက်ရ တာပါ''ဟု တာမွေမြို့နယ်တွင် နေထိုင်သူ လူငယ်တစ်ဦးက ပြောပြ သည်။
လက်ရှိဈေးကွက်၌ အသင့် သောက်သုံးနိုင်သည့် ကော်ဖီအထုပ် များမှာ တံဆိပ်မျိုးစုံဖြင့် တွင်ကျယ် လျက်ရှိပြီး ပြည်တွင်းမှ ထုတ်လုပ်မှု လည်းရှိသကဲ့သို့ ပြည်ပနိုင်ငံအချို့မှ ၀င်ရောက်သော ကော်ဖီမစ်များ လည်းရှိသည်ဟု သိရသည်။ ကော်ဖီကို နှစ်သက်၍သောက် သုံးကြသူများအနေဖြင့် ကော်ဖီကို နေ့စဉ် စွဲပြီးသောက်သုံးမှုတွင် ဖြစ် နိုင်ပါက သဘာဝဘက်သို့ အားသာ သော ကော်ဖီများကိုသာ သောက် သုံးသင့်ကြောင်း ကျန်းမာရေးပညာ ရှင်များက သုံးသပ်ကြသည်။ ကော်ဖီယဉ်ကျေးမှု ပိုမိုတွင် ကျယ်လာနေသည့် ခေတ်ကာလဖြစ် သောကြောင့် ကော်ဖီနှင့်ပတ်သက်၍ အစားအစာလုံခြုံမှု၊ စိစစ်ထုတ်လုပ် မှုများရှိသင့်ပြီဟုလည်းစားသုံးသူများ နှင့် လေ့လာသူများက ဆိုကြသည်။
အာဆီယံ အင်ဂျင်နီယာကွန်ဖရင့် အကြိုညီလာခံ ပထမဆုံး အကြိမ်ကျင်းပမည်
ပြည်ပပို့တန်းမြင့်ဆန် ကြိတ်ခွဲနိုင်ရေး အတွက် ပြန်လည်သန့်စင် ရောနှော ဆန်စက်ကြီးများ ၂၀၁၀ ပြည့်နှစ်၌ လည်ပတ်နိုင်ရင်စီစဉ်သွားမည်
Wednesday, June 3, 2009
ခရီးသည် ၂၂၈ ဦး တင်ဆောင်ပျံသန်းသွားသော ပြင်သစ်လေယာဉ် ပျောက်ဆုံးလျက်ရှိ
Saturday, May 30, 2009
အကြီးဆုံးလမုတော အိုင်လာဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ၇
နိုဝင်ဘာလက ဆီဒါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံ၇၇ာမှ ပြန်လည် ထူထောင်ေ၇းလုပ်ငန်းမပြီးမှီ မေ ၂၅ ၇က်က
အိုင်လာဆိုင် ကလုန်းမုန်တိုင်း တိုက်ခတ် မှုနှင်.ထပ်မံ၇င်ဆိုင်ခဲ. ၇သည်။ အမြင့် ၆ ပေ မှ ၁၀ ပေ ထိေ၇ များတ၇ှိန်
ထိုးတက်လာသောကြောင့် ဖြစ်ပွားခဲ့သောပျက်စီးမှုသည် India နိုင်ငံ အနောက်ဘင်္ဂလားဒေ သ နှင့် ဘင်္ဂလားဒေရှ်. နိုင်ငံ ဒေသများတွင် ပေါက်ေ၇ာက်နေသော ဆန်ဒါဆန် လမုတော အတွက်ဝန်ထုတ် ၀န်ပိုးဖြစ်လာနိုင်ကြောင်းသစ်တောဌာန တာဝန်ရှိသူတဦးက ပြောကြားသည်။ လမုတော၇ာခိုင်နှုန်း ၄၀ ခန်.သည်
India နိုင်ငံ တွင် ရှိပြီး ၆၀ ၇ာခိုင်နှုန်းသည် ဘင်္ဂလားဒေရှ်. နိုင်ငံတွင်ရှိသည်။
Friday, May 29, 2009
ဝက်သားနှင့် ၀က်ထွက်ပစ္စည်းများကို အပူချိန် ၇၀ ဒီဂရီ စင်တီဂရိတ်/၁၆၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ချက်ပြုတ်စားသောက်ပါက ရောဂါကူးစက်မှုမရှိနိုင်
တုပ်ကွေးရောဂါ influenza A(H1N1)သည် ဧပြီလ ၁၇ ရက်မှ မေ ၂၇ ရက်အထိ နိုင်ငံပေါင်း ၄၈ နိုင်ငံသို့ ကူးစက်ပြန့်နှံ့ခဲ့ပြီး ရောဂါဖြစ်ပွားသူ ၁၃၃၉၈ ဦး၊ သေဆုံးသူ ၉၅ ဦး ရှိကြောင်း သိရှိရသည်။
မွေးမြူရေးနှုင့် ရေလုပ်ငန်း ၀န်ကြီှးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်၊ တိုင်း၊ ခရိုင် မြို့နယ် အဆင့်ဆင့်တွင် ဒေသအာဏာပိုင် အဖွဲ့အစည်း ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံမွေးမြူရေုးလုပ်ငန်း အဖွဲ့ချုပ်၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ တုပ်ကွေးရောဂါဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များကို ဖြန်ဝေခြင်း၊ ရောဂါစူးစမ်း ထောက်လှမ်းခြင်းနှင့် မွေးမြူရေးခြံ ဇီဝလုံခြုံမှုမြှင့်တင်ရေး ပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်၊
လိုက်နာဆောင်ရွက်သင့်သော ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ၀က်များ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိပါက သီးခြားထားရှိခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်မှု ထိန်းချုပ်ခြင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သတင်းပို့ခြင်း ဆောင်ရွက်ရန် ၀က်ခြံများတွင်ဇီဝလုံခြုံရေးကို မြှင့်တင်ပေးရန်၊ ၀က်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေလက် သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ရန် မကျန်းမာသော ၀က်များကို ဈေးကွက်သို့ ပို့ဆောင်ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန် မူရင်းဇစ်မြစ်မသိသော ၀က်များကို မွေးမြူခြင်းမပြုရန် စသည်ဖြင့်
လိုက်နာဆောင်ရွက်သင့်သည်။
Thursday, May 28, 2009
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပေါက်ကွဲမှုသုံးခုဖြစ်ပွား၊ လူထိခိုက်ဒဏ်ရာရရှိမှု မရှိ
ထို့နောက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကဲကုန်းရပ် ဗဟိုလမ်း စိုက်ပျိုးရေးရုံးရှေ့ လမ်းလယ်ကျွန်း ပန်းစိုက်ခုံအတွင်း၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အင်္ဂတေအနည်းငယ် ကွာကျပျက်စီးခဲ့သည်။
ထပ်မံ၍ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် မရမ်းကုန်းရပ် မိန်းကလေးကျောင်းလမ်း၌ ဖွင့်လှစ်ထားသော ပြောင်းရွှေ့သွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းရုံး (IOM- International Organization for Migration) အနီး ခြံစည်းရိုးဘေးတွင် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖောက်ခွဲဖျက်ဆီးရေးသမားများအား စေလွှတ်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ပြည်သူလုထု အထိတ်တလန့်ဖြစ်စေရန်၊ သေကျေပျက်စီးစေရန်အတွက် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန် ကြံစည်ကြိုးပမ်းလျက်ရှိပြီး လတ်တလောတွင် ဖောက်ခွဲဖျက်ဆီးရေးသမားနှစ်ဦးအားလည်း ပြည်တွင်းသို့ စေလွှတ်ထားကြောင်း သတင်းများရရှိထားသဖြင့် သတင်းထုတ်ပြန် အသိပေးခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ အများပြည်သူတို့အနေဖြင့် မိမိတို့နေထိုင်ရာ၊ အသက်မွေးဝမ်းကျောင်းမှုပြုရာ၊ ကူးသန်းရောင်းဝယ်မှုပြုရာ အ၀န်းအ၀ိုင်းအတွင်းသို့ အသွင်အမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက်လာမည့် ဖောက်ခွဲဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများအား အထူးသတိပြု စောင့်ကြပ်ကြည့်ရှုဖော်ထုတ်ပြီး မသင်္ကာဖွယ်ရာတွေ့ရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ခြင်းဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။
Wednesday, May 27, 2009
အနာဂတ်တွင်ပေါ်ထွက်လာမည့်ဒီဗီဒီဓာတ်ပြားသစ် ရုပ်ရှင်ဇာတ်ကား၂၀၀၀ထိသိုလှောင်နိုင်
သြစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့ရှိဆွင်းဘုန်းနည်းပညာတက္ကသိုလ်မှသုတေသီများသည်နာနိုတက်ခနော်လောဂျီနည်းပညာဖြင့်သတင်းအချက်အလက်အမြောက်အများသိုလှောင်ထားနိုင်သောဒီဗီဒီဓာတ်ပြားအမျိုးအစားသစ်ကိုတီထွင်ထုတ်လုပ်ထားပီဖြစ်သည်။မိမိတို့သည်လက်ရှိဒီဗီဒီဓာတ်ပြားဧ။်အရွယ်အစားကိုချဲ့ကားပေးရန်မလိုအပ်ဘဲဓာတ်ပြားတချပ်တည်းမှာပင်ရုပ်ရှင်ဇာတ်ကား၂၀၀၀အထိသိုလှောင်ထားနိုင်မည့်ဒီဗီဒီဓာတ်ပြားအသစ်ကိုထုတ်လုပ်နိုင်ရန်သုတေသနပြုလုပ်ခဲ့ကြောင်းပါမောက္ခမင်းကူးကဒေလ်းလီးမေလ်းသတင်းစာသို့ပြောကြားသည်။သာမန်ဒီဗီဒီဓာတ်ပြားတချပ်မှာသတင်းအချက်အလက်၈ဒသမ၅ဂီဂါဘိုက်အထိသာသိုလှောင်နိုင်စွမ်းရှိကြောင်းတနည်းအားဖြင့်ဓာတ်ပြားတချပ်လျှင်ရုပ်ရှင်ကားတကားမျှသာသိုလှောင်နိုင်ကြောင်းBlu-rayDiscဟုခေါ်သောဓာတ်ပြားမှာမူဂျီဘီ၅၀အထိသိုလှောင် နိုင်ကြောင်းUltra-DVDမှာမူဂျီဘီတစ်သောင်းအထိသိုလှောင်နိုင်မည်ဖြစ်ကြောင်းလည်းကောင်း ကပြောကြားသည်။သမားရိုးကျဒီဗီဒီဓာတ်ပြားသည်တေးသီချင်းများရုပ်ပုံများနှင့်ကွန်ပြုတာဖိုင်များ ကိုဒစ်ဂျစ်တယ်သင်္ကေတအဖြစ်သတ်မှတ်ထားနိုင်ပြီးလေဆာဓာတ်ပြားဖက်စပ်ကဖတ်ရှုနိုင်ကြောင်း
မင်းဂူးကဆက်လက်ပြောကြားသည်။နည်းပညာအသစ်ဖြစ်တီထွင်ထုတ်လုပ်ထားသေားဒီဗီဒီဓာတ်ပြားသစ်ဧ။်မျက်နှာပြင်ပေါ်တွင်သာမန်မျက်စိဖြင့်မမြင်နိုင်သောရွှေခြည်မျှင်လေးများအားထည့်သွင်းထား သဖြင့်ရောင်ခြည်လှိုင်းအမျိုးမျိုးကိုလမ်းကြောင်းအမျိုးမျိုးသို့ဖြာထွက်နိုင်စေပီးရုပ်ရှင်ဇာတ်ကားများကိုသိမ်းဆည်းနိုင်စွမ်းရှိကြောင်းလည်းကောင်းကပြောကြားသည်။
Tuesday, May 26, 2009
အရှေ့အလယ်ပိုင်းရှိအမေရိကန်အခြေစိုက်စခန်းများနှင့့်အစ္စရေးနိုင်ငံအထိရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်အား အီရန်စမ်းသပ်ပစ်လွှတ်
Monday, May 25, 2009
အင်္ဂလန်တွင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ရရှိမည်လော
ဂေါ်ဂွန်ဘရောင်းက သူကိုယ်တိုင်လည်း အင်္ဂလန်နိုင်ငံ၌ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်ရရှိရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ အင်္ဂလန် အစိုးရပိုင်းတွင်လည်း ကမ္ဘာ့ဖလား အိမ်ရှင်အခွင့်အရေး အတွက် ဆန္ဒပြင်းပြနေကြပြီး ၀န်ကြီးချုပ်အပြင် အတိုက်အခံ ခေါင်းဆောင်များကပါ ယင်းပြိုင်ပွဲအတွက် ကုန်ကျစရိတ်များကို မေ့ဖျောက်ထားကြပြီး ပြိုင်ပွဲကျင်းပခွင့် ရရှိရေးကိုသာ ပြောဆိုဆွေးနွေးလျက် ရှိနေကြကြောင်း။
ဂေါ်ဂွန်ဘရောင်းက သူဝန်ကြီးချုပ်အဖြစ် ရှိနေစဉ်ကာလအတွင်း ကမ္ဘာ့ဖလား အိမ်ရှင် အခွင့်ရေးအတွက် တတ်စွမ်းနိုင်သမျှ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲများဧ။် အိမ်ရှင်အဖြစ်ရွေးချယ်ခြင်းကို လာမည့်နှစ် ဒီဇင်ဘာလတွင် အဖွဲ့ဝင် ၂၄ဦး ပါဝင်သော ဖီဗာ အမှုဆောင်ကော်မတီက မဲပေးရွေးချယ်သွားမည် ဖြစ်သည်။ အင်္ဂလန်နိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၆၆ ခုနှစ်တွင် တစ်ကြိမ်တည်း ကျင်းပခဲ့ဖူးပြီး ယင်းခုနှစ်တွင်ပင် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
Sunday, May 24, 2009
အမျိုးသားရင်ကြားစေ့ရေး လမ်းခင်းပေး
၂၀၀၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကာစစ်၏ ပြောကြားချက်တို့မှာ ရှေ့နှင့်နောက် မညီညွတ်ဘဲ ပြောကြားသည့် မမှန်သတင်း များအပေါ် အခြေခံ ပြောကြားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဖတ်ရှုခြင်းဖြင့် အလွန်စိတ်ပျက်စရာ ကောင်းပါသည်။ ၄င်း၏ ပြောကြားချက်မှာ မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသား အားလုံးကို ထောင်မှ လွှတ်ပေးခြင်းဖြင့် အမျိုးသား ရင်ကြားစေ့ရေး လမ်းခင်းပေးရာ ရောက်ပါသည်ဟု ပြောကြားခြင်းဖြစ်ပါသည်။ အာဆီယံနိုင်ငံ တစ်နိုင်ငံမှ လူတစ်ဦး တစ်ယောက်သည် အခြား အာဆီယံနိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေး၌ ၀င်ရောက်မစွက်ဖက်ရန် အာဆီယံ ပဋိညာဉ်စာတမ်းက တားမြစ်ထားပါလျက် ၀င်ရောက် ပြောဆိုခြင်းဖြင့် စွက်ဖက်ခွင့်ရှိပါသလား။
၂၂-၅-၂၀၀၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြထားသည့် ဒေါ်စုကြည်ကို သံတမန်များ တွေ့ရန်ခွင့်ပြုသည့်အတွက် မြန်မာအစိုးရအား ချီးမွမ်းကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာကာစစ်၏ ပြောဆိုချက်သည် နှစ်သိမ့်ဖွယ်ကောင်းပါသည်။ သို့သော် အပြုသဘော ဆောင်သည့် အင်္ဂါရပ်တို့ကို ဤနေရာ၌ ရပ်မထားဘဲ မြန်မာအစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ထောင်မှ လွှတ်ပေးခြင်းသည် အမျိုးသား ရင်ကြားစေ့ရေး လမ်းခင်းပေးရာ ရောက်သည်ဆိုသော ၄င်း၏ ဆက်လက်၍ ပြောဆိုချက်သည် အာဆီယံပဋိညာဉ်စာချုပ်ပါ စည်းမျဉ်းများ၏ အနှစ်သာရနှင့် စာသားများနှင့် မကိုက်ညီဘဲ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့နှင့် သွေဖယ်၍ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ရာ ရောက်ပါသည်။ ဤသို့ ပြောဆိုချက်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူထားသော နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးမှ ပြောကြားခြင်း ဖြစ်သဖြင့် အလွန်ဝမ်းနည်းဖွယ်ရာ ကောင်းပါသည်။